+ 95 1 640 399 [email protected]
Select Page

ဧဒင်ရိပ်မြံုသည် ကိုယ်အင်္ဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများ၏လိုအပ်နေသော ပညာရေး၊ ပြန်လည် ထူထောင်ရေးနှင့် လူမှုရေးလိုအပ်ချက်များကိုပေးနေသည့် ကျောင်းဖြစ်ပါသည်။ မသန်စွမ်းကလေးတစ် ဦးချင်းစီ၏ လိုအပ်ချက်များ၊ သူတို့၏ဆုံးရှုံးနေသော အခွင့်အရေးများကို ပြန်လည်ရရှိ ခံစားနိုင်ရန်အ တွက် ဦးတည်ပြီးဆောင်ရွက်ပေးခြင်းအားဖြင့် သူတို့အနေဖြင့် လူသားဖြစ်ခြင်းကို အပြည့်အဝခံစားလာ နိုင်ရန် ကူညီဆောင်ရွက်ပေးနေပါသည်။ မသန်စွမ်းကလေးများအတွက် ပင်မပညာရေးတွင် ကျောင်း တက်လာနိုင်ရေးကို ဦးတည်ထားဆောင်ရွက်ပေးနေပါသည်။ ဧဒင်ရိပ်မြံုတွင် မသန်စွမ်းကလေးအများ စုသည် တစ်ပတ် (၃) ရက်ဖြင့် တစ်နှစ်တွင် (၁၀) လ လာရောက်ဝန်ဆောင်မှုရယူနေကြပါသည်။ ဧဒင် ရိပ်မြံုတွင် ပြည်ပနိုင်ငံများတွင်လည်းကောင်း၊ ပြည်တွင်းတွင် ပြည်ပမှကျွမ်းကျင်သူများကပေးသော သင်တန်းများကို တက်ရောက်ခဲ့ကြသည့် ကျွမ်းကျင်ဆရာမများ၊ အတွေ့အကြံုရှိသော စေတနာရှင် များ၊ ၀ါသနာရှင်များမှ လိုအပ်သောဝန်ဆောင်မှုများကို ပေးနေကြပါသည်။ လသားအရွယ်မှစပြီး (၁၈) နှစ်အထိရှိသော မသန်စွမ်းကလေးများအား စနစ်တကျပြင်ဆင်သော သင်ရိုးညွှန်းတမ်းများကိုအသုံးပြု ပြီး စာသင်ဆရာမများမှ တစ်ဦးချင်းစီအတွက် ထိရောက်သည့် ပန်းတိုင်များချမှတ်ပေးကြပါသည်။ အဓိကရည်မှန်းချက်မှာ ကလေးတစ်ဦးချင်းစီအတွက် ဖက်စုံတိုးတက်မှုရရှိစေရေး၊ ကိုယ့်ကိုယ်ကိုစီမံ တတ်ခြင်းဖြင့် မိသားစုဝင်များ၏ဝန်ထုတ်ဝန်ပိုးကိုလျှော့ချနိုင်သည်သာမက မိသားစုနှင့် ပတ်ဝန်းကျင် အတွက် အကျိုးပြုနိုင်သော သူများဖြစ်လာနိုင်ရေးကို ဦးတည်ပြီးဆောင်ရွက်ပေးနေပါသည်။

ဧဒင်ရိပ်မြုံတွင်ရရှိနိုင်သော ၀န်ဆောင်မှုအမျိုးအစားများမှာ –

၁။ အထူးပညာရေးဝန်ဆောင်မှု။        ၂၀၁၅-၁၆ စာသင်နှစ်မှစပြီး ဧဒင်ရိပ်မြံုအနေဖြင့် မိမိကျောင်း သားများအတွက် သက်ဆိုင်ရာနိုင်ငံတကာကျွမ်းကျင်သူများငှါးရမ်းပြီးပြုစုထားသော ကျောင်ပိုင်သင်ရိုး ညွှန်တမ်းများ၊ စမ်းသပ်စစ်ဆေးနည်းများ၊ မှတ်တမ်းတင်သည့်စနစ်များကိုအသုံးပြုပြီး အဆင့်မီသော အထူးပညာရေးဝန်ဆောင်မှုများကို အတွေ့အကြံုရှိသော၊ သင်တန်းဆင်းဆရာမများ၏ ဦးဆောင်မှုဖြင့် ပေနေပြီဖြစ်ပါသည်။ ဧဒင်ရိပ်မြံုတွင် စာသင်ခန်း (၅) ခန်းရှိပြီး စာသင်ဆရာမ (၁၀) ယောက်ရှိပါသည်။

၂။ ပြန်လည်ထူထောင်ရေး (ကာယလေ့ကျင့်ခန်း) ၀န်ဆောင်မှု။        မသန်စွမ်းကလေးများအနေဖြင့် မိမိ၏ခွန်အားဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာ ရွှေ့ရှားနေနိုင်ရန်အတွက် လိုအပ်နေသော ပြန်လည် ထူထောင်ရေးလေ့ကျင့်ခန်း (Physiotherapy) ၀န်ဆောင်မှုကို သက်ဆိုင်ရာဘာသာရတွင် ဘွဲ့ရသည့် အကြောအဆစ်ကျွမ်းကျင်သူဆရာမ (၄)ဦး၊ အကူဆရာမ (၂)ဦးတို့ဖြင့်ဝန်ဆောင်မှုပေးနေကြပါသည်။ နိုင်ငံခြားမှ ကျွမ်းကျင်သူ Physiotherapist များမှလည်း လာရောက်ကူညီ လုပ်ဆောင်ပေး လေ့ရှိပါသည်။

၃။ ပြန်လည်ထူထောင်ရေး (အနုစိတ်လေ့ကျင့်ခန်း) ၀န်ဆောင်မှု။    ဧဒင်ရိပ်မြံုတွင် မသန်စွမ်းက လေးများ၏ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုအတွက် အရေးကြီးသောဝန်ဆောင်မှုတစ်ခုဖြစ်သည့် ပြန်လည်ထူထော်ရေး အနုစိတ်လေ့ကျင့်ခန်းဝန်ဆောင်မှု (Occupational Therapy) ကိုလည်း လို အပ်သောသင်တန်းများတက်ရောက်ထားသည့် ကျွမ်းကျင်သူ Therapist မှ ပုံမှန်ဝန်ဆောင်မှုများ ပေး နေပါသည်။

၄။ စောလျှင်စွာစိစစ်ရေးနှင့် ကုသပေးခြင်းဝန်ဆောင်မှု။        ကလေးများ၏ အားနည်းချို့ယွင်းမှုကို စောလျှင်စွာဖေါ်ထုတ်ပြီး ၀န်ဆောင်မှုစောစောရလေ၊ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဟူသည့် ဆိုရိုးစကားအတိုင်း တိုးတက်မှု ပိုပြီးကောင်းလေဖြစ်ပါသည်။ ထို့ကြောင့်  ကလေးများအား သူတို့၏အားနည်းချက်များအတွက် စောလျှင်စွာ စိစစ် ကုသပေးနေသည့်အစီအစဉ် ကို ဧဒင်ရိပ်မြံု၏ အဓိကဝန်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ကာ ပေးနေရခြင်းဖြစ်ပါသည်။
၅။ လူမှုရေးဝန်ဆောင်မှု။    မသန်စွမ်းကလေးများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများ၏ လိုအပ်နေသော လူမှုရေးဝန်ဆောင်မှုများကို သက်ဆိုင်ရာဘာသာရပ်တွင် ဘွဲ့လွန်ဒီပလိုမာရရှိသော လူမှုရေးအရာရှိမှ လုပ်ဆောင်ပေးနေပါသည်။

၆။ မသန်စွမ်းအားကစား။    ဧဒင်ရိပ်မြံုသည် မသန်စွမ်းကလေးများ၏ လိုအပ်နေသော ၀န်ဆောင် မှုများ၊ လူမှုရေးဝင်ဆန့်နိုင်မည့်နည်းလမ်းများ၊ အစီအစဉ်များကို နည်းမျိုးစုံဖြင့် လုပ်ဆောင်ပေးနေသည့် အစီအစဉ်များတွင် မသန်စွမ်းအားကစားသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဘွဲ့လွန်ဒီပလိုမာရ ထားသော ကျွမ်းကျင်သူတစ်ဦးအား ဤအရေးကြီးသောကဏ္ဍတစ်ခုကို ဦးဆောင်စေပြီး မသန်စွမ်း က လေးများအနေဖြင့် ပြည်တွင်း၊ ပြည်ပမသန်စွမ်းအားကစားပြိုင်ပွဲများတွင်ပါ၀င်လာနိုင်သည့်အထိ လေ့ ကျင့် ဆောင်ရွက်ပေးနေပါသည်။ ဧဒင်ရိပ်မြံုကလေးများအတွက်ကျောင်းတွင်း၊ ကျောင်းပြင်အားကစား လေ့ကျင့်သည့်အစီအစဉ်များချမှတ်ပေးပြီး ဆောင်ရွက်ပေးနေပါသည်။

၇။ အဟာရကျွေးမွေးခြင်း။    ဧဒင်ကျောင်းသို့ရောက်ရှိလာသော မသန်စွမ်းကလေးများကို နေ့စဉ် အဟာရကျွေးမွေးပေးနေပါသည်။ မိခင်များ၊ ပြုစုသူများကိုလည်း စနစ်တကျကျွေးတတ်ရန် လိုအပ် သောနည်းလမ်းများကို သင်ပေးနေပါသည်။ လိုအပ်ပါက ဗီတာမင်ဆေးများကိုလည်း ပံ့ပိုးပေးပါသည်။

၈။ ဂီတကုထုံး။        ဂီတကို ဆက်သွယ်သည့် နည်းလမ်းတစ်ခုအဖြစ်အသုံးပြုတတ်ရန်နှင့် မသန် စွမ်းကလေးများ၏ ရင်ဖွင့်ရန်နေရာနှင့် အစီအစဉ်တစ်ခုအဖြင့် ဧဒင်ရိပ်မြံုတွင် သက်ဆိုင်ရာကျွမ်းကျင် မှုဘာသာရပ်တွင် သင်တန်းစနစ်တကျ တက်ရောက်သော ဆရာမများမှ လိုအပ်သလို မသန်စွမ်း ကလေးများအား ၀န်ဆောင်မှုပေးနေပါသည်။ တစ်ခါတစ်ရံ ဆရာမနှင့် ကလေးအကြား ထိရောက် သည့် ဆက်ဆံရေးများတည်ဆောက်ခြင်းဖြင့် လိုအပ်နေသော စိတ်ချမ်းသာသုခကို ရရှိနိုင်ရန်အတွက် ကူညီပေးနိုင်ပါသည်။ စကာပြောအားနည်းသော မသန်စွမ်းကလေးများအတွက် အလွန်ထိရောက် သော ၀န်ဆောင်မှုတစ်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂီတကုထုံးဝန်ဆောင်မှုပညာရပ်စတင်နိုင်ရန် အတွက် ဧဒင်ရိပ်မြံုအနေဖြင့် ပါ၀င်ဆောင်ရွက်ခွင့်ရရှိခဲ့ပါသည်။

၉။ ရေကုထုံး။        ဤကုထုံးသည်လည်း မြန်မာနိုင်ငံတွင် ဧဒင်ရိပ်မြံုမှ မသန်စွမ်းကလေးများ အတွက် ပထမဦးဆုံးပေးနိုင်ခဲ့ပါသည်။ ရေကုထုံးသည် မသန်စွမ်းကလေးများ ကာယစွမ်းဆောင်ရည် တိုးတက်လာစေသည်သာမက ဟန်ချက်ထိမ်းခြင်း၊ စဉ်ဆက်မပြတ်လုပ်ဆောင်တတ်ခြင်းများ၊ လိုက် လျောညီထွေကျင့်ကြံပြုမူတတ်ခြင်း၊ အုပ်စုလိုက်ဆောင်ရွက်တတ်ခြင်းနှင့် ကိုယ်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေခြင်းတို့အတွက် ထိရောက်သော ၀န်ဆောင်မှုတစ်မျိုးဖြစ်ပါသည်။

၁၀။ ကြိုပို့ဝန်ဆောင်မှု။        လက်ရှိတွင် ဧဒင်ရိပ်မြံုသည် ကားငယ်တစ်စီးဖြင့် ကျောင်းနှင့်နီးသော မသန်စွမ်းကလေး အချို့တို့အား ကြို/ပို့ လုပ်ဆောင်ပေးနေပါသည်။ အများစုသည် မိမိအစီအစဉ်ဖြင့် လာရောက်နေကြပါသည်။

၁၁။ အခြားဝန်ဆောင်မှုများ။        ဧဒင်ရိပ်မြံုတွင် အခြေခံကျမ်းမာရေးဝန်ဆောင်မှုများ၊ လေ့လာ ရေးခရီးစဉ်များ၊ Soft play room / snozealand အစရှိသည့် အခြားဝန်ဆောင်မှုများကိုလည်း လိုအပ် သလို လုပ်ဆောင်ပေးနေပါသည်။