+ 95 1 640 399 [email protected]
Select Page

အကျုံးဝင် ရပ်ရွာဖွံ့ဖြိုးမှု

အစီအစဉ် အကျုံးဝင် ရပ်ရွာဖွံ့ဖြိုးမှု။
ရည်မှန်းချက် မသန်စွမ်းမှုဆိုင်ရာ အသိပညာပေးခြင်းဖြင့် ပြည်သူလူထုမှ မသန်စွမ်းသူ များအပေါ် ခွဲခြားဆက်ဆံမှုကင်းလာပြီး လူမှုအဖွဲ့အစည်းတွင် အကျုံးဝင်လာရေးကို ရပ်ရွာဖွံ့ဖြိုးမှု  တစ်ခုအနေဖြင့် လုပ်ဆောင်ရန်။
အကြောင်းပြချက် အောက်ခြေလူမှုအဖွဲ့အစည်းတွင် မသန်စွမ်းမှုအသိပညာ၊ မသန်စွမ်းသူများ၏အခွင့်အရေးနှင့် မသန်စွမ်းသူများ၏စွမ်းအား၊ လုပ်ဆောင်နိုင်မှုနှင့်ပတ်သက်ပြီး ဗဟုသုတအလွန် အားနည်းနေပါသည်။ မသန်စွမ်းသူများအပေါ် အကျပ်သဘောဆောင်သောစိတ်ထားများသည ယနေ့ထိတိုင်လွှမ်းမိုးနေဆဲဖြစ်ပါသည်။ များသောအားဖြင့် မသန်စွမ်းသူများသည် လူအဖွဲ့အစည်း၏ လစ်လျူရှုမှုကြောင့် ပင်မလူမှုအဖွဲ့အစည်း၏ပြင်ပတွင် ရှိနေကြပါသည်။ ဂရုပြုခြင်း၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများကို အများနည်းတူရရှိနိုင်မှုမရှိပါ။ မသန်စွမ်းသူများနှင့် မိသားစုဝင်များအနေဖြင့် အများမှ သာမန်မဟုတ်ဟု သန်မှတ်ထားနေသောကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာပြီး အပြောင်းအလဲကို ဖြစ်ပေါ် စေသော နိုင်ငံသားများအနေအထားသို့ ရောက်ရှိမလာကြသေးပါ။

ပညာရေးစနစ်သည် မသန်စွမ်းသူမာျးအတွက် အကျုံးဝင်စေသော ပညာရေးမဖြစ်သေးပါ။ ထို့ကြောင့် မိဘများအနေဖြင့် မိမိဒမသန်စွမ်းသားသမီးများ ပင်မပညာရေးကျောင်းများ တွင် ကျောင်းအပ်ပြီး ပညာသင်ယူခွင့်ရရှိစေနိုင်ရန်အတွက် ရုန်းကန်နေကြဆဲဖြစ်ပါသည်။ မသန်စွမ်းအနည်းစုကသာ ပင်မပညာရေး သို့မဟုတ် ကျောင်းပြင်ပညာရေးကို ရရှိခံစား နိုင်ကြပါသည်။ အဆောက်အဦးအများစုသည် မသန်စွမ်းသူများအတွက် အတားအဆီးများရှိနေသောကြောင့် မသန်စွမ်းသူများအနေဖြင့်တန်းတူအကျံုးဝင်လာနိုင်ရန်ခက်ခဲစေပါ သည်။ ဆရာများသည် မသန်စွမ်းမှုနှင့်ပတ်သက်သော ပြုစုနည်းနှင့် အခြားသင်တန်းများမတက်ဘူးကြသောကြောင့် ဉာဏ်ရည်၊ အမြင်၊ အကြားနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများကို ထိရောက်စွာဝန်ဆောင်မှုမပေးနိုင်ပါ။ မသန်စွမ်းသူများအနေဖြင့် ပညာရေးကဏ္ဍတွင်သာမဟုတ် အခြားလူမှုရေးနယ်ပယ်များတွင်လည်း နည်းမျိုးစုံဖြင့် အတားအဆီးခံနေကြသော ကြောင့် လူမှုအသိုက်အဝန်းတွင် တန်းတူပါ၀င်ခွင့်မရနိုင်သေးပါ။

ပန်းတိုင် ရပ်ရွာအခြေပြု ပြန်လည် ထူထောင်ရေး လုပ်ငန်း (စီဘီအာရ်) လူတိုင်းအကျုံးဝင်ပညာရေး မသန်စွမ်းမှုအကျံုးဝင်ရေး
ရည်ရွယ်ချက် မသန်စွမ်းကလေးများကို လူမှုအဖွဲ့အစည်းက လက်ခံ၊ ကြိုဆို၊ ရိုသေတတ်လာသည်။ လူမှုရေး အခန်းအနားများတွင် ပါ၀င်လာနိုင်ရန် လမ်းဖွင့် ပေးသည်။ မသန်စွမ်းသူများအား ပံ့ပိုးသည့် စနစ် ပိုမိုရှိလာ။ ပင်မပညာရေးကို မသန်စွမ်းကလေးများ အတားအဆီးနည်းစွာ၊ ခွဲခြားဆက်ဆံမှုမရှိ ဘဲ အပြည့်အဝလက်လှမ်းမီရန်၊ ပါ၀င်မှုနှင့် အကျုံးဝင်မှုများကို ဖြစ်စေသည့် အတားအဆီး များဖယ်ရှား၊ မသန်စွမ်းသူများ လွတ်လပ်စွာနှင့် တန်းတူ လူမှုပတ်ဝန်းကျင်တွင် ကျင်လည်နိုင်၊ ကိုယ့်ရွေးချယ်မှုနှင့်ကိုယ်ကံကြမ္မာကိုယ် ဖန်တီးလာနိုင်။
အဓိက လှုပ်ရှားမှု အိမ်တိုင်ယာရောက် ဝန်ဆောင်မှုပေးခြင်း၊ မသန်စွမ်းပညာရေး၊ ပြုစုနည်းသင်တန်းများ၊ ကိုယ့်အားကိုယ်ကိုးအဖွဲ့များ၊ ရပ်ရွာလုပ်အားပေး အဖွဲ့များ၊ အခြေခံကျန်းမာရေး ဝန်ဆောင်မှုများ။ အသိပညာပေးမြှင့်တင်ခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ အတားအဆီးမဲ့ဝတ်ဝန်းကျင် ဖန်တီးခြင်း၊ အထူးပညာရေးဆရာမဖြစ်သင် တန်းများ၊ အထောက်အကူပြုကရိယာများ၊ အတားအဆီးနည်းဝန်ကျင် ဖန်တီးဖန်တီးရန်အတွက် လေ့လာခြင်း၊ အကြံပေးခြင်းများကို ကျောင်းများ၊ ၀န်ဆောင်မှုပေးသူများ၊ အရပ်ဖက်အဖွဲ့အစည်း များ နှင့်ပူးတွဲပြုလုပ်ပြီး မသန်စွမ်းသူများ လက်လှမ်း မီနိုင်သည့် ပတ်ဝန်းကျင်များဖန်တီးရန်၊