+ 95 1 640 399 [email protected]
Select Page

မသန်စွမ်းမှုကဏ္ဍကိုမြှင့်တင်ခြင်း

အစီအစဉ် မသန်စွမ်းမှုကဏ္ဍကိုမြှင့်တင်ခြင်း
ရည်မှန်းချက် မသန်စွမ်းမှုကဏ္ဍ တိုးတက်လာရန် အတွက် လိုအပ်နေ သောအသိပညာပေးခြင်း၊ သင်တန်းများပေးခြင်း၊ သုတေသနများပြုလုပ်ခြင်းတို့ကို အောက်ခြေအဆင့်မှ နိုင်ငံတော် အဆင့်အထိ လုပ်ဆောင်ရန်။
အကြောင်းပြချက် အစီအစဉ်အများစုသည် မသန်စွမ်းသူများကို ထည့်သွင်းစဉ်းစားထားခြင်းမရှိသေးပါ။ မသန်စွမ်းသူများအတွက် လုပ်ပေးလိုသောဆနရှိနေတတ်ကြသော်လည်း မကျွမ်းကျင်မှု၊ အတွေ့အကြုံမရှိဖြစ်နေပါသည်။ လက်ရှိတွက် မသန်စွမ်းသူများ၏အဖွဲ့အစည်း၊ မသန်စွမ်းသူများ၏ကိုယ့်အားကိုယ်ကိုးအဖွဲ့များ အနည်းငယ်သာရှိနေပြီး စွမ်းဆောင်ရည်နှင့် အခြားအရည်အချင်းများတိုးတက်ရန်လိုနေကြသေးသည်။ မသန်စွမ်းသူများ၊ သူတို့၏အဖွဲ့အစည်းများနှင့် အများပြည်သူကြားဆက်ဆံရေးတွင်လည်း အချင်းချင်းနားမလည်မှု ရှိနေသေးသောကြောင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်နိုင်မှု ဖြစ်မလာသေးပါ။ မီဒီယာများမှ မသန်စွမ်းသူများနှင့်ပတ်သက်ပြီး သီးသန့်မရှိသေးပါ။ ဆက်ဆံရေးတွင် အား နည်းနေခြင်းကြောင့် မဟာဗျူဟာနှင့် နည်းဗျူဟာများအကောင်အထညိဖေါ်ရန် ခက်ခဲနေတတ်သည်။ မကြာမီမသန်စွမ်းဥပဒေများနှင့် ပညာရေးဥပဒေများထွက်ပေါ်လာတော့ မည်ဖြစ်သောကြောင့် ခိုင်လုံသောအထောက်အထားများရှိပါက မူဝါဒချမှတ်သူများကို တိုက်ရိုက်ထိတွေ့ပြီး အရေးဆို တင်ပြခွင့်ရလာတော့မည်ဖြစ်ပါသည်။
ပန်းတိုင် စွမ်းဆောင်ရည်နှင့် အရင်းအမြစ် တည်ဆောက်ခြင်း အကျုံးဝင် ရပ်ရွာဖွံ့ဖြိုးရေး အရေးဆိုခြင်း မိတ်ဖက် ပူးပေါင်းခြင်းနှင့် ကွန်ယက်
ရည်ရွယ်ချက် အခြေခံ မသန်စွမ်းပြုစုနည်းမှစပြီး တက္ကသိုလ်တွင် သင်ကြားနိုင်သည့် ဘာသာရပ်တစ်ခု ဖြစ်လာသည့်အထိ မသန်စွမ်းဆိုင်ရာ အသိပညာမြှင့် တင်ရေး ကြိုးစားရန်၊ နည်းပညာ / စီမံရေးနှင့် ဘဏ္ဍာရေး ကျွမ်းကျင်မှု၊ မသန်စွမ်းအဖွဲ့များ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ၀န် ဆောင်မှု ပေးနိုင်ရန်နှင့် အရေးဆို တတ်လာရန်၊. မသန်စွမ်းသူများ၏ အခွင့်အရေးကို အမှန်အကန် တန်းတူရရှိကြောင်း အရေးဆို ဆွေးနွေးခြင်းဖြင့်၊ သေ ခြာစေရန်၊ ရပ်ရွာနှင့် နိုင်ငံအဆင့် များတွင် ကွန်ယက် ဖြန့်လုပ်တတ်လာရန်၊ စွမ်းရည်မြှင့်တင်ပေးရန်။ အဓိက မိတ်ဖက်အဖွဲ့များနှင့် လုပ်ဆောင်ရန်၊ ၀န်ဆောင်မှုပေးနေ သောသူများနှင့် လက်တွဲလုပ် ဆောင်ရန်၊ ပူးတွဲလုပ်ကိုင်ခြင်း၊ မိတ်ဖက် ဆောင်ရွက်ခြင်းများ တိုးချဲ့ လုပ်ဆောင်ရန်။
အဓိက လှုပ်ရှားမှု သင်တန်းများပြုလုပ်ခြင်း – ပြုစုနည်းသင်တန်းများ၊ အသိပညာ မြှင့်တင်ခြင်း၊ မသန်စွမ်းမှုနှင့်ဖွ့ံဖြိုးမှု၊ လူတိုင်း အကျုံးဝင်ပညာရေး၊ အထူး ဆရာ/မဖြစ်သင်တန်း၊ မသန်စွမ်းအ ရင်းအမြစ်ဌာန၊ မသန်စွမ်းစာပေနှင့် စာကြည့်တိုက်၊ မီဒီယာပစ္စည်းများ၊ မသန်စွမ်းနှင့် အခြား အသင်းအဖွဲ့ များ၏ လိုအပ်ချက်များကို စမ်းစစ်ရန်၊ မသန်စွမ်းနှင့် အခြားကျွမ်းကျင်မှုဆိုင် ရာသင်တန်းများ၊ ကွန်ယက်၊ လက်စွဲနှင့် အထောက်အကူ ပစ္စည်းများ၊ အခြားဝန်ဆောင်မှုများ။ မသန်စွမ်း ကွန်ယက်နှင့် ဖေါ်ရမ်၊ အစိုးရဌာန များနှင့်လက်တွဲရန်၊ နိုင်ငံတကာနေ့နှင့် အခန်းအနား များ၊ သုတေသနများ၊ စာပေပုံနှိပ် ခြင်းလုပ်ငန်းများ၊ အင်တာနက် ၀က်ဆိုဒ်များ။ မသန်စွမ်း ကွန်ယက်နှင့် ဖိုရမ်၊ အရပ်ဖက် အဖွဲ့အစည်းများ ဖိုရမ်၊ ပင်မနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာ စီမံချက်နှင့် အစီအစဉ်များ။