+ 95 1 640 399 [email protected]
Select Page

ဤစီမံချက်ကို ဂျာမဏီနိုင်ငံမှ Kindermissionswerk အဖွဲ့နှင့်ပူးပေါင်းပြီး ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလမှစပြီး အကောင်အထည်ဖေါ်နေသော “ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးစီမံချက်၊ ချင်းပြည်နယ်” စီမံချက် တစ်ခုဖြစ်ပါသည်။ ဝေးလံခေါင်းပါးသော ချင်းပြည်နယ်တွင် ပထမဦးဆုံးအကောင်အထည်ဖေါ်သည့် မသန် စွမ်းဆိုင်ရာစီမံချက်တစ်ခုဖြစ်ပါသည်။ ဧဒင်ရိပ်မြုံ၏ “ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးစီမံချက်” ဆိုင်ရာ အတွေ့အကြံုများကိုအခြေခံပြီးနယ်ပယ်သစ်တွင် စတင်လုပ်ဆောင်နေပါသည်။
ဤစီမံချက်သည် ချင်းပြည်နယ်ရှိ ဟါးခါး၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်တို့တွင် အကောင်အထည်ဖေါ်မည်ဖြစ် ပါသည်။ စီမံချက်ဝန်ထမ်း (ရ) ယောက်ဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်နေပါသည်။ ဤစီမံချက်ကို လုပ် ဆောင်ရန်အတွက် သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်နှင့် ဒေသဆိုင်ရာ ချင်းပြည်နယ်အစိုးရ အဖွဲ့၏ တရားဝင်အသိအမှတ်ပြုချက်ဖြင့် အကောင်အထည်ဖေါ်နေခြင်းဖြစ်ပါသည်။
ဤစီမံချက်၏ ရည်ရွယ်ထားသော အဓိကလုပ်ဆောင်ရမည့်အချက်များမှာ –
• မသန်စွမ်းဆိုင်အသိပညာပေးခြင်း၊
• မသန်စွမ်းကလေးများ၏ ပြန်လည်ထူထောင်ရေး၊ အထူးပညာရေးနှင့် လူမှုရေးဝန်ဆောင်မှုများဆောင် ရွက်ပေးခြင်း၊
• မသန်စွမ်းသူများ၏ကိုယ့်အားကိုယ်ကိုးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့များကို ဖွဲ့ပေးခြင်းများ၊
• မသန်စွမ်းသူများ လူမှုအသိုက်အဝန်းတွင် ၀င်ဆန့်လာရန်နှင့် တန်းတူအခွင့်အရေးရရှိပြီး သိက္ခာရှိရှိ အကျံုးဝင်လာစေရေးအတွက် ဆောင်ရွက်ပေးခြင်း။
• လိုအပ်နေသော အားပြုကရိယာများ၊ အထောက်အကူပြုကရိယာများကိုလည်း လိုအပ်နေသူများကို ပံ့ပိုးခြင်းစသည်တို့ပါ၀င်ပါသည်။