+ 95 1 640 399 [email protected]
Select Page

၂၀၁၃ ခုနှစ် နိ၀င်ဘာလမှစပြီး ဧဒင်ရီပ်မြုံပိုမိုစနစ်တစ်ကျဖြင့် နိုင်ငံတကာအဆင့်မှီသော အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဆင့်အထိ တိုးတက်လာရန်ရည်ရွယ်ပြီး ကူညီ ပံ့ပိုးဆောင်ရွက်ပေးရန်အတွက် the UK’s Department for International Development (DFID) and Swedish International Development Cooperation Agency (SIDA) တို့မှ ပူးပေါင်းပြီး ပံ့ပိုးပေးနေသော စီမံချက်ဖြစ်ပါသည်။
ဤစီမံချက်မှတဆင့် ဧဒင်ရိပ်မြံု၏ အခြေခံအုတ်မြစ်နှင့်အဆောက်အအုံများ တိုးတက်လာရန်သာမက အဖွဲ့ အစည်းတစ်ခုတွင် မရှိမဖြစ်လိုအပ်နေသော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ၊ လူစွမ်းအားအရင်းအမြစ်ပေါ်လစီ များ၊ ဘဏ္ဍာရေးပေါ်လစီများ၊ ကလေးကာကွယ်စောင့်ရှောက်ရေးပေါ်လစီများ၊ အဖွဲ့အစည်း၏ မဟာဗျူဟာ နှင့်နည်းဗျူဟာများအပါအဝင် အခြားလိုအပ်သော အထောက်အထားစာရွက်စာတမ်းများကို ပြုစုပေးနိုင်ရန်အ တွက် ကျွမ်းကင်သူကို နိုင်ငံခြားမှဖိတ်ခေါ်ပြီး ကူညီဆောင်ရွက်ပေးပါသည်။ ထို့ပြင် မသန်စွမ်းဆိုင်ရာ သုတေ သနလုပ်ငန်းများကိုလည်း ပြုလုပ်နိုင်ရန်အတွက် လိုအပ်သော အကူအညီများကို အပြည့်အဝပံ့ပိုးပေးပါသည်။ Advocacy ပြုလုပ်နိုင်ရန်အတွက်လည်း ကူညီဆောင်ရွက်ပေးနေပါသည်။
ဤစီမံချက်သည် ဧဒင်ရိပ်မြံုကို နိုင်ငံတကာစံနုန်းများနှင့် ရင်နှီးပြီး အဆင့်မှီမှီရပ်တည် လုပ်ကိုင်ဆောင်ရွက်နိုင် ရန်အတွက် ဖက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးနေပါသည်။