+ 95 1 640 399 [email protected]
Select Page

ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ၊ ပရဟိတလုပ်ငန်းမှ အောက်ဖော်ပြပါ ၀န်ထမ်းရာထူးအတွက် လျှောက်လွှာ အမြန်ခေါ်ယူလျှက် ရှိပါသည်။

၁။    ယာဉ်မောင်း        – ၁ ဦး
နေရာ              – စီမံဌါန၊ ဧဒင်ရိပ်မြုံ

လိုအပ်သည့်အချက်အလက်များ

–    ပညာအရည်အချင်းအနည်းဆုံး အထက်တန်းအဆင့် ရှိရမည်။
–    အနည်းဆုံး ယာဉ်မောင်းလိုင်စင်အနက် ရရှိပြီးသူ ဖြစ်ရမည်။
–    မြို့တွင်း ကျွမ်းကျင်စွာ မောင်းနှင်နိုင်သူဖြစ်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို တိကျစွာ လိုက်နာနိုင်သူဖြစ်ရမည်။
–    မသန်စွမ်းကလေးများအပေါ် စာနာစိတ်ရှိသူဖြစ်ပြီး စိတ်ရှည်သည်းခံနိုင်သူ ဖြစ်ရမည်။
–    မသန်စွမ်းသူများအရေးတွင် အတွေ့အကြုံရှိသူများ ကို ဦးစားပေးခန့်ထားမည်။
–    ကားအကြောင်း ကောင်းမွန်စွာ နားလည်တတ်ကျွမ်းပြီး အခြေခံပြင်ဆင်နိုင်သူ ဖြစ်ရမည်။

လျှောက်ထားသူများသည်

–    ကိုယ်ရေးရာဇဝင်(CV)၊ မှတ်ပုံတင်မိတ္တူ၊ ပညာအရည်အချင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ ဒေသန္တာရဆေးခန်းမှ ကျန်းမာရေးထောက်ခံစာတို့ နှင့် အတူ ၃လအတွင်း ရိုက်ကူး ထားသော ပတ်စပို့(၂)ပုံနှင့် အတူ ၂၄-၇-၂၀၁၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်။
–    လျှောက်လွှာပုံစံများကို ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံတွင် ရယူနိုင်ပြီး အောက်ဖော်ပြပါ  Email ဖြင့် လည်းလျှောက်ထားနိုင်ပါသည်။
မသန်စွမ်းသူများလျှောက်ထားရန် အထူးအားပေးဖိတ်ခေါ်ပါသည်။

လျှောက်လွှာပေးပို့ရန်လိပ်စာ

လျှောက်လွှာပေးပို့ရမည့်လိပ်စာ    – အမှတ် (၅၆)၊ ၀ါဦး (၄) လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်။
ဖုန်း – ၀၁၆၄၀၃၉၉၊ ၀၉ ၄၃၁၂၀၈၈၅
Email    – [email protected]
Website: www.edencentre.org