+ 95 1 640 399 [email protected]
Select Page

ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ၊ ပရဟိတလုပ်ငန်းမှ စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သော လူတိုင်းအကျုံးဝင် ပညာရေး စီမံကိန်းတွင် အောက်ဖော်ပြပါ ၀န်ထမ်းရာထူးအတွက် အမြန်လျှောက်လွှာ ခေါ်ယူလျှက် ရှိပါသည်။
၁။ ကွင်းဆင်းဝန်ထမ်း – ၃ ဦး
နေရာ – လူတိုင်းအကျုံးဝင်ပညာရေးစီမံကိန်း

လိုအပ်သည့်အချက်အလက်များ

– တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။
– ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။ ကျန်းမာရေးကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရ မည်။
– မသန်စွမ်းကလေးများအပေါ် စာနာစိတ်ရှိသူဖြစ်ပြီး ၄င်းတို့၏ ပညာရေးအတွက် အကျိုးဆောင်ရွက်လို စိတ်ရှိသူ ဖြစ်ရမည်။
– မသန်စွမ်းသူများအရေးတွင် အတွေ့အကြုံရှိသူများ၊ မသန်စွမ်းကိုယ်တိုင် စိတ်ပါ၀င်စားသူများ ဦးစားပေး ခန့်ထားရမည်။

လျှောက်ထားသူများသည်

– ကိုယ်ရေးရာဇဝင်(CV)၊ မှတ်ပုံတင်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ ဒေသန္တာရဆေးခန်းမှ ကျန်းမာရေးထောက်ခံစာတို့ နှင့် အတူ ၃လအတွင်း ရိုက်ကူး ထားသော ပတ်စပို့(၂)ပုံနှင့် အတူ ၁-၆-၂၀၁၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်။
– လျှောက်လွှာပုံစံများကို ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံတွင် ရယူနိုင်ပြီး အောက်ဖော်ပြပါ Email ဖြင့် လည်းလျှောက်ထားနိုင်ပါသည်။
မသန်စွမ်းသူများလျှောက်ထားရန် အထူးအားပေးဖိတ်ခေါ်ပါသည်။
¬¬¬
လျှောက်လွှာပေးပို့ရန်လိပ်စာ

လျှောက်လွှာပေးပို့ရမည့်လိပ်စာ – အမှတ် (၅၆)၊ ၀ါဦး (၄) လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်။
ဖုန်း – ၀၁၆၄၀၃၉၉၊ ၀၉ ၄၃၁၂၀၈၈၅

Email:  [email protected]
Website:  www.edencentre.org