+ 95 1 640 399 [email protected]
Select Page

မိခင်များနေ့ အခမ်းအနား နှင့် ဧဒင်ရိပ်မြုံ ၁၅နှစ်ပြည့်နှစ်ပတ်လည် (မွေးနေ့) အခမ်းအနားကို ယနေ့ (၈/၅/၁၅) ညနေ ၄ တွင် ဧဒင်ရိပ်မြံုရိပ်မြံု – Rehab ခန်းမတွင် ကျင်းပခဲ့သည်။
မိခင်များနေ့ အခမ်းအနားကို ဧဒင်ရိပ်မြံု၏ မိခင်ဖြစ်သူ ဒေါ်လီလီယံကြီးအား မိခင်များနေ့တွင် ဂုဏ်ပြုလို၍ ကျင်းပခြင်းဖြစ်သည်။
ဧဒင်ရိပ်မြံုသည် ၁၈/၄/၂၀၁၅ ရက်နေ့တွင် ၁၅နှစ်ပြည့်ခဲ့ရာ အဆိုအပါနေ့သည် နှစ်သစ်ကူးရုံးပိတ်ဖြစ်နေသဖြင့် ယခုအချိန်မှ ဧဒင်မွေးနေ့ပွဲ အခမ်းအနားကို ကျင်းပရခြင်းဖြစ်သည်။
ထိုပွဲသို့ ဧဒင်ရိပ်မြံု၏ မန်းနေးဂျင်းဒါရိုက်တာ ဦးထာအုပ်၊ အကြံပေး ဒေါ်လီလီယံကြီး၊ ဒုဒါရိုက်တာ၊ ဌာနအသီးသီးမှ မန်နေဂျာများနှင့် ၀န်ထမ်းများ စုံစုံလင်လင်တက်ရောက်ခဲ့ကြသည်။

(မှန်ချပ်ပေါ်တွင် နှင်းဆီးပန်းများဖြင့် Happy Mother’s Day စာလုံးကို ပုံဖော်ထားပုံ)

 

အားကစားအရာရှိ ဒေါ်နီနီသော်မှ ECDC ၏ မိခင်ဖြစ်သူ ဒေါ်လီလီယံကြီးအား ပန်းခြင်းလက်ဆောင်ပေးနေစဉ်

 

 

၁၅နှစ်ပြည့်မွေးနေ့ ရဲ့ ဖယောင်းတိုင်းငယ်လေးများ

 

 

ဧဒင်မိသားစုဝင်များ၏ အမှတ်တရဓာတ်ပုံ [8/May/2015]