+ 95 1 640 399 [email protected]
Select Page

အနာဂတ်မျှော်မှန်းချက်များ၊ လုပ်ဆောင်ရမည့်တာဝန်များနှင့် တန်ဖိုးထားသောအချက်များ

ဧဒင်ရိပ်မြုံ အနာဂတ်မျှော်မှန်းချက်များ

မသန်စွမ်းသူများ၏ကိုယ်ပိုင်လက္ခဏာ၊ အခွင့်အရေးနှင့် စွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးခြင်းဖြင့် သူတို့တွင် ရှိနေသော အလားအလာများကို အပြည့်အဝရရှိရမည်။ ဧဒင်ရိပ်မြံုသည် မေတ္တာလွှမ်းမိုးသော လူမှုအဖွဲ့အစည်းတွင် ခွဲခြား ဆက်ဆံမှုကင်းပြီး အခြားသူများနည်းတူ တန်းတူအခွင့်အရေးရရှိကာ ပျော်ရွှင်သောဘဝကို ရရှိခံစားနေနိုင်သည့် မြန်မာ ပြည်၏ နေရာတစ်ခုဖြစ်ရမည်။

ဧဒင်ရိပ်မြံု၏ လုပ်ဆောင်ရမည့်တာဝန်များ

မသန်စွမ်းကလေးများကို ဂရုစိုက်တန်ဖိုးထားသည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန်အတွက် ဧဒင်ရိပ်မြံုသည် အမြဲ ကြိုးစား ဆောင်ရွက်နေမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် –
(က)    မသန်စွမ်းသူများအားတန်ဖိုးထား လေးစားလက်ခံပြီး သိက္ခာရှိရှိဖြင့် တန်းတူအခွင့်အရေးရရှိနိုင်ရန် အတွက် လိုအပ်သော ၀န်ဆောင်မှုများ၊ ပံ့ပိုးမှုများပေးခြင်းဖြင့် လည်းကောင်း၊
(ခ)    ပြည်သူလူထုကို မသန်စွမ်းမှုဆိုင်ရာ အသိပညာမြှင့်တင်ပေးခြင်း၊ လိုအပ်သော နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ ပံ့ပိုးပေးခြင်းဖြင့် ပြည်သူလူထုမှ မသန်စွမ်းသူများ၏ လိုအပ်သော ၀န်ဆောင်မှုများ ပေးလာနိုင်ပြီး လူမှုအဖွဲ့အစည်းတစ်ခုလုံး အကျံုးဝင်သော၊ အပြုသဘောဆောင်သည့် တိုးတက်သော လူမှုအဖွဲ့အစည်း ဖြစ်လာရန်အတွက်လည်းကောင်း လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ဧဒင်ရိပ်မြံု၏ တန်ဖိုးထားသောအချက်များ

(က)    တန်းတူအခွင့်အရေး။    မသန်စွမ်းသူများ၏စွမ်းရည်နှင့် ကျွမ်းကျင်မှုမြှင့်တင်ပေးခြင်း၊ အတွေ့အကြံု
ဖလှယ်ခြင်းဖြင့် အများ၏အလေးထားမှုကိုရရှိပြီး လူမှုဝန်းကျင်တွင် တန်းတူအခွင့်အရေး ရရှိကာသိက္ခာရှိရှိရှင် သန် လာနိုင်မည်ဟု ယုံုကြည်သည်။

(ခ)    မေတ္တာ။        ဧဒင်ရိပ်မြံုမှသန်စွမ်းကလေးများ၏ ပျော်ရွှင်ဝမ်းမြောက်မှုနှင့် လူမှုဘဝတိုးတက်မှု
အတွက် လုပ်ဆောင်ပေးသည့်အခါ တိုင်းမေတ္တာ၊ ဂရုဏာ၊ စိတ်ရှည်ခြင်းနှင့် လက်ခံနားလည်ပေးခြင်း    တို့ကို အခြေခံအုတ်မြစ်အဖြစ် ကျင့်သုံးကာဆောင်ရွက်နေပါသည်။

(ဂ)    မိသားစုစိတ်ဓါတ်။        ဧဒင်ရပ်မြံုမှဝန်ထမ်းများ၊ မသန်စွမ်းကလေးများ၊ မိသားစုဝင်များနှင့်ပြုစု
စောင့်ရှောက်သူများနှင့် အလျူရှင်များအားလုံးပါ၀င်နေသော ဧဒင်ရိပ်မြံု လူမှုအသိုက်အဝန်းတွင် မိသားစုစိတ်ဓါတ်သည် အားလုံးမှ အဓိကတန်ဖိုးထားသောအရာဖြစ်သည်။

(ဃ)    စုပေါင်းလုပ်ဆောင်ခြင်း။        ဧဒင်မိသားစုဝင်များအနေဖြင့် စိန်ခေါ်မှုများကိုအနိုင်ယူနိုင်ရန်နှင့်
အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် အချင်းချင်းပွင့်လင်းစွာ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နေကြ ပါသည်။

(င)    အချင်းချင်းယုံကြည်မှု။        ဧဒင်မိသားစုဝင်များသည် မိမိဂတိပြုထားသော အရာများကို
အလေးထားရန်  တစ်ဦးနှင့်တစ်ဦး ကြားယုံကြည်မှုကို တည်ဆောက်ပြီး မသန်စွမ်းသူများ၊   မိသားစု ၀င်များ၊ စေတနာရှင် အလှူရှင်များ၏ ယုံကြည်မှုကို ရယူကာ ရိုးသားစွာဖြင့်လုပ်ဆောင်ပါသည်။

(စ)    အရည်အသွေး။        ဧဒင်ရိပ်မြံုတွင် “ကလေးသူငယ်ဗဟိုပြု” ချဉ်းကပ်နည်းကိုကျင့်သုံးနေပါ သည်။ ၀န်ဆောင်မှုများကိုလည်း အရည်အချင်းပြည့်မှီအောင်နှင့် အကောင်းဆုံးဖြစ်ရန် အမြဲကြိုးစားပါ သည်။ ဤရည်မှန်းချက် အောင်မြင်မည်ဟုလည်း ယုံကြည်မျှော်လင့်ပါသည်။