+ 95 1 640 399 [email protected]
Select Page

လူမှုရေးရှုထောင့်ဖြင့် မသန်စွမ်းမှုကိုရှုမြင်ခြင်း (မသန်စွမ်းမှုအမြင်သစ်)

မသန်စွမ်းမှုအမြင်သစ်ဆိုသည်မှာ
မသန်စွမ်းမှုသည် ကိုယ်ခနာချို့ယွင်းမှု (သို့) ထူးခြားနေမှုကြောင့်မဟုတ်။ လူအဖွဲ့အစည်း၏ အဆင်မပြေ သော ဖွဲ့စည်းပုံနှင့် စီစဉ်မှုစနစ်များ၊ အတားအဆီးများကြောင့်ဖြစ်သည်။ ကိုယ်အင်္ဂါချို့ယွင်းသူများ၏ မွေးရာပါအခွင့်အရေးများကို အခြားသူများနည်းတူရရှိခံစားနိုင်ရန် နှင့်သူတို့စွမ်းဆောင်နိုင်မှုကို ဟန့်တားနေသောအတားအဆီးများကို ဖယ်ရှားရန်ကြိုးစားသည်။ ထိုအတားအဆီးများကိုဖယ်ရှားပေးပါက မသန်စွမ်းသူများသည် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးပြီး ရွေးချယ်မှုအပြည့်ဖြင့် လူမှုအသိုက်အဝန်းတွင် တန်းတူအကျုံးဝင်လာနိုင်မည် ဖြစ်သည် ဟုလက်ခံယူဆခြင်း ဖြစ်သည်။

လူမှုရေးအမြင်ဖြင့် ရှုမြင်ခြင်း ဆိုသည်မှာ
မသန်စွမ်းမှုသည် လူပုဂိုလ်တစ်ဦးချင်းစီ၏ချို့ယွင်းမှုထက် ပတ်ဝန်ကျင်ဖွဲ့တည်မှုပုံစံနှင့်နည်းစနစ်များကြောင့ ပေါ်ပေါက်လာသော အခြေအနေတစ်ခု ဖြစ်သည်။ မသန်စွမ်းသူများ၏ရွေးချယ်မှုကို ကန့်သတ်ပေးနေသော အတားအဆီးများကို ဖယ်ရှားရန် နည်းလမ်းရှာသည်။ ထိုအတားအဆီးများကို ဖယ်ရှားပေးပါက မသန်စွမ်းသူများအနေဖြင့် လူမှုအသိုက်အဝန်းတွင် သိက္ခာရှိစွာဖြင့် အများနှင့်တန်းတူ လွတ်လပ်စွာကျင်လည်ရှင်သန်လာပြီး ကိုယ်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးလာနိုင်မည်ဟု ယုံကြည်ပါသည်။