+ 95 1 640 399 [email protected]
Select Page

သမိုင်းအကျဉ်း

မည်သို့စတင်ခဲ့ပါသလဲ။
မိခင်မြန်မာပြည်သို့ပြန်ပြီး မသန်စွမ်းကလေးများအတွက် ကောင်းသောအရာတစ်ခုခုလုပ်ပေးလိုသောဆန္ဒသည် ဧဒင်ရိပ်မြုံထူထောင်သူ ဦးထားအုပ်၏စိတ်ထဲတွင် နဂိုကတည်းက ကိန်းအောင်းနေခဲ့ပါသည်။ ၁၉၉၅-၉၆ ခုနှစ် များတွင် မလေးရှားနိုင်ငံ ပီနန်ရှိ Spastic Children Association of Penang, Malaysia တွင် အကြောအဆစ် ကုပညာရှင် (Physiotherapist) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုစဉ်က ပီနန်ရှိ Eden Handicap Service Centre (EHSC) တွင် အလုပ်ချိန်ပြင်ပ၌ တစ်ပတ်နှစ်ခါ လုပ်အားပေးခဲ့ပါသည်။ ထို့နောက် စင်္ကာပူရှိ သို့ပြောင်းရွှေ့ပြီး နောက်ထပ် (၂) နှစ် အကြောအဆစ်ကုပညာရှင်အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပြီး ၁၉၉၈ ခုနှစ် သြဂုတ်လတွင် မိခင်မြန်မာနိုင်ငံသို့ အပြီးပြန်လာခဲ့ပါသည်။ ဧဒင်မသန်စွမ်း သက်ငယ်များပြုစုရာရိပ်မြံုစီမံချက် အဆိုပြုလွှာကိုပြီးစီးအောင်းရေးသားဖို့ တစ်နှစ်ကျော် အချိန်ယူရေးသားခဲ့ပါသည်။ ထိုစဉ်က လူမှုဝန်ထမ်းဝန်ကြီး ဌာနလက်အောက်ရှိ မသန်သက်ငယ်သင်တန်းကျောင်းတွင် ကျောင်းအုပ်တာဝန်ထမ်းဆောင်ပြီး သူ့ဘဝတစ်ခု လုံးမသန်စွမ်းကလေးများအတွက် ပေးဆပ်နေသည့် ဆရာမကြီး ဒေါ်လီလီယံကြီးနှင့် တွေ့ဆုံခဲ့ပါသည်။ ဆရာမ ကြီးမှ အစကတည်းက အကြံပေးအားပေးသူအဖြစ် ဧဒင်မသန်စွမ်း သက်ငယ်များပြုစုရာရိပ်မြံုသမိုင်း စတင်သန္တေတည်ကတည်းက ဦးထာအုပ်ကို ပါ၀င်ကူညီခဲ့ပါသည်။

ဧဒင်ရိပ်မြံုဖွံ့ဖြိုးလာပုံ
မသန်စွမ်းကလေး (၁၄) ဦးတို့အား တစ်နှစ်ကျော်ကြာ သူတို့နေအိမ်တွင် လိုအပ်နေသော လေ့ကျင့်ခန်းဝန် ဆောင်မှုများပြုလုပ်ပေးပြီးနောက် မိတ်ဆွေများ၏ကူညီပံ့ပိုးမှုဖြင့် တစ်ပတ်လျှင် (၂) ရက် ကလေးများကိုခေါ်ပြီး ဆရာမကြီးဒေါ်လီလီယံကြီးနေအိမ်တွင် ၂၀၀၀ ခုနှစ် ဧပြီလ (၁၈) ရက်နေ့တွင် ဧဒင်ရိပ်မြံုကို စတင်ခဲ့ပါသည်။ ထိုနေရာတွင် လေးလခန့်လုပ်ဆောင်ပြီးနောက် ဧဒင်ရိပ်မြံု၏ အမှုဆောင်အဖွဲ့ဝင်လူကြီးတစ်ဦး၏ ပံ့ပိုးကူညီမှုဖြင့် အခန်းတစ်ခုကို အမှတ် ၁၃ (က) ဒေါ်လှပန်းလမ်း၊ အမှတ် (၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်တွင် ငှားရမ်းခဲ့ပါ သည်။ ထိုနေရာတွင် ဧဒင်ရိပ်မြံုပရဟိတလုပ်ငန်းကိုစတင်ပြီး လုပ်ဆောင်နေစဉ်တွင် စင်္ကာပူနိုင်ငံ၊ St. Luke Hospital မှ ဦးထားအုပ်၏ လုပ်ဖေါ်ဆောင်ဖက်များက လာရောက်လည်ပတ်ခဲ့ပြီး ထိုအဖွဲ့မှ ဧဒင်အတွက်မြေ ကွက်တစ်ခု (လက်ရှိဧဒင်ရိပ်မြံုမြေကွက်) ကို ၂၀၀၁ ခုနှစ်တွင် ဝယ်ပေးခဲ့ကြပါသည်။ ထိုမြေကွက်ပေါ်တွင် ပထမဦးဆုံးသော တစ်ထပ်အုတ်ကျောင်းဆောင်ကို ၂၀၀၁ ခုနှစ် သြဂုတ်လတွင် ဂျပန်သံရုံး၏ ငွေကြေးပ့ံပိုးမှုဖြင့် စတင်ဆောင်လုပ်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ် အစပိုင်းတွင် ခဝဲခြံ ယခင်နေရာအနီး ဒေ၏ဗစ်ရွှေနုလမ်းတွင် အခန်း ပြောင်းငှားကာ (၇) လခန့်ပြောင်းနေခဲ့ပြီးနောက် လက်ရှိ ကိုယ်ပိုင်အဆောက်အဦးတွင် ၂၀၀၂ ခုနှစ် နိုဝင်ဘာ လတွင် ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့ပါသည်။ လက်ရှိအဆောက်အဦးကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့တွင် တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
၂၀၀၂ ခုနှစ် သြဂုတ်လမှစပြီး ဧဒင်ရိပ်မြံု၏ မသန်စွမ်းကလေး (၁၀) ဦး၏ကုန်ကျစရိတ်ကို မှ အကုန်အကျ ကျခံပေးခြင်းဖြင့် ဧဒင်ရိပ်မြံုကို စတင်လည်ပတ်နိုင်ရန် Association for Aids and Relief (AAR), Japan က ကူညီခဲ့ပါသည်။ ဧဒင်ရိပ်မြံုသည် မသန်စွမ်းသူများအတွက် လိုအပ်နေသော ၀န်ဆောင်မှုများကိုပေးနေသည့် လူမှုရေးလုပ်ငန်းသပ်သပ်ကိုလုပ်ဆောင်နေသော စေတနာရှင်များ၏ ပံ့ပိုးလှူဒါန်းမှုကိုအခြေခံပြီး လည်ပတ်နေ သည့် ပရဟိတလုပ်ငန်းတစ်ခုဖြစ်ပါသည်။ အေအေအာရ် ဂျပန်မှ ၂၀၁၁ ခုနှစ်အထိ ကလေးမွေစားသည့် အစီအစဉ်ဖြင့် ဧဒင်ရိပ်မြံုလည်ပတ်နိုင်ရန် ကူညီပေးခဲ့ပြီး ယင်းသို့ကူညီမှုကြောင့်သာ လုပ်ငန်း များကို တစ်ဖြည်းဖြည်းတိုးချဲ့လာနိုင်ခံပါသည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ထိုအစီအစဉ်ရပ်တန့်သော်လည်း အထွေအထွေပ့ံပိုး ငွေအဖြစ် လုပ်ငန်းအတွက် အနည်းငယ်ဆက်လက်ပ့့ပိုးနေဆဲဖြစ်ပါသည်။
ယနေ့တွင် မသန်စွမ်းကလေး (၁၆၀) ကျော်ကို လက်ခံပြီး လိုအပ်နေသောဝန်ဆောင်မှုများကို နေ့စင်္သပေးနေပါ သည်။ စီမံကိန်းဝန်ထမ်းများအပါအဝင် ၀န်ထမ်းပေါင်း (၆၀) ကျော်ဖြင့် လုပ်ဆောင်လည်ပတ်နေပါသည်။