+ 95 1 640 399 [email protected]
Select Page

စီမံအုပ်ချုပ်မှု

စီမံအုပ်ချုပ်မှု။    ဧဒင်ရိပ်မြုံပရဟိတလုပ်ငန်းပုံမှန်၊ နည်းစနစ်တကျ လည်ပတ်နိုင်ရန်အတွက် စီမံအုပ်ချုပ်သည့် ပုံစံနှင့်စနစ်သည် အခရာကျသည့် အချက်တစ်ခုဖြစ်ပါသည်။ လုပ်ငန်းနေ့စဉ် လည်ပတ်ရာတွင် စီမံခန့်ခွဲမှုအဆင့်ဆင့်ဖြင့် ကြီးကြပ်ကာ ဆောင်ရွက်နေပါသည်။ အဓိက စီမံခန့်ခွဲမှု အဆင့် (၃)ဆင့်သတ်မှတ်ထားပါသည်။ ထိုအဆင့်များမှာ –

လစဉ် ဝန်ထမ်း အစည်းအဝေး လစဉ်ပုံမှန်ပြုလုပ်နေသော ၀န်ထမ်းအစည်းအဝေးတွင် ဧဒင်ရိပ်မြုံပရဟိတလုပ်ငန်း၏ ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်းများကို ၀န်ထမ်းတိုင်း သိရှိပြီး လိုအပ်သောအကြံပြုချက်များပေးနိုင် ရန်အတွက် ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေး၊ အသိဖလှယ်ခြင်း များ လုပ်ဆောင် နေပါသည်။
စီမံခန့်ခွဲရေး အပတ်စဉ် အစည်းအဝေး ဧဒင်ရိပ်မြုံ၊ပရဟိတလုပ်ငန်းတွင်ရှိနေသော ဌာနအသီးသီးမှ မန်နေဂျာများနှင့် ဒါရိုက်တာများ အားလုံးပါ၀င်သည့် “ဧဒင်လုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့” အဖွဲ့ကိုဖွဲ့စည်းပြီး အပတ်စဉ်“ဧဒင်လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့” ၏ အစည်းအဝေးကို ပြုလုပ်ခြင်းဖြင့် ဧဒင်ရိပ်မြံု ပရဟိတလုပ်ငန်းပုံမှန်၊ နည်းစနစ်တကျ လည်ပတ်နိုင်ရန်အတွက် အလေးထားပြီး ဆောင်ရွက်နေပါသည်။
ဧဒင်ရိပ်မြုံ ကြိးကြပ်ရေး ကော်မီတီ လေးလတွင် တစ်ကြိမ်ပြုလုပ်သော ဧဒင်ရိပ်မြံု ကြီးကြပ်ရေးကော်မီတီ၏ ပုံမှန်အစည်းအဝေးသည် ဤပရဟိတလုပ်ငန်း၏ မူဝါဒပိုင်းဆိုင်ရာ အဓိက ဆုံးဖြတ်ချက်များကို ချပေးသောအဖွဲ့ဖြစ်သည်။ ဧဒင်ရိပ်မြံုကြိးကြပ်ရေးကော်မီတီကို လက်ရှိတွင် အဖွဲ့ဝင် (၁၅) ဦးဖြင့်ဖွဲ့စည်းထားပြီး ထိုအဖွဲ့တွင် မသန်စွမ်းကလေးမိဘများ၊ ဖော့ကန်ရပ်ကွက် ရပ်မိရပ်ဖများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန မှ ကိုယ်စားလှယ်များ၊ မသန်စွမ်းအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ ပါ၀င်ကြပါသည်။